Waivio

Recommended Posts

သံမဏိစက်ရုံတွင်စက်ရုံသုံးDriveတစ်ခုတပ်ဆင်ပေးခြင်းနှင့်စမ်းသပ်မောင်းနှင်ခြင်း

0 comments

yokosuna473.034 months ago

So today ကျွန်တော်သွားတဲ့တဲ့serviceလေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်မနေ့ကတင်ပေးခဲ့တဲ့solar project ကကျွန်တော်မအားလို့တစ်ခြားအဖွဲ့ကသွားရောက်လုပ်ဆောင်ခဲ့ပါတယ်

ကျွန်တော်သွားခဲ့တဲ့သံမဏိထုတ်လုပ်ရေးစက်ရုံကမန္တလေးစက်မှုဇုန်ထဲမှာရှိတဲ့နာမည်လည်းကြီးတဲ့factoryတစ်ခုဘဲဖြစ်ပါတယ်နာမည်ကိုတော့မပြောတော့ပါဘူးဆိုတေယ့အဓိကအကြောင်းအရာကတော့ကျွန်တော်နဲ့ကျွန်တော့်ကောင်လေးတစ်ယောက်နဲ့သွားရောက်တပ်ဆင်ခဲ့ပါတယ်အဲ့ဒီအကြောင်းမပြောခင်တပ်ဆင်ခဲ့တဲ့inverterအကြောင်းအနည်းအကျဉ်းပြောပြပါမယ်Inverterရဲ့brandကINVTပေါ့သူကပုံစံအမျိုးမျိုးမျိုးရှိပါတယ်ကိုယ်သုံးချင်တဲ့မော်တာရဲ့KW or HP ပေါ်မူတည်ပြီးကျွန်တော်တို့ကတူတာကိုတပ်ရင်တပ်မတပ်ရင်သူ့ထက်နည်းနည်းကြီးတာ‌ကိုပါတယ်ဘာလို့လဲဆိုတော့တစ်ချို့သောစက်ရုံတွေမှာလည်တဲ့မော်တာအကြီးစားတွေကတစ်ခါတစ်လေမှာကိုယ်သုံးနေသောloadထက်များတဲ့load Ampere ကိုထုတ်တတ်ကြပါတယ်ရန်ဖန်ရံခါပါအဲ့ဒါကအရမ်းကြီးမှဘဲကျွန်တော်တို့ကမော်တာရဲ့KW or HPထက်များတဲ့inverterကိုတပ်ပါတယ်
သေးတာတွေဆိုရင်တော့တန်းတူတပ်ရင်တပ်မတပ်ရင်နည်းနည်းကြီးတာပေါအဲ့တာကလည်းတစ်ခါတစ်လေမှပါဆိုတော့INVTဆိုတဲ့brandကဒီစက်ရုံသုံးinverterများကိုထုတ်ပါတယ်တစ်ခြားproductsတွေလည်းသူတို့လုပ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်လည်းသိပ်မသိပါဘူးသူကကျွန်တော်သိထားသလောက်ဆိုရင်အရင်တုန်းကCHF(100),CHF(100A) CHV(100)ပေါအဲ့တာတွေကိုတပ်ကြပါတယ်နောက်ပိုင်းရောက်လာတော့driveတွေကအဆင်မြင့်လာတယ်ကျွန်‌ေတာ်တို့က‌ေတာ့inverterဆိုတဲ့အသုံးအနှုံးထက်driveလို့‌ေခါ်ကြပါတယ်စက်ရုံတွေကလည်းပစ္စည်းအသစ်တွေသုံးလာတော့အခုနောက်လာတဲ့GD 20, 200,200Aဆိုတဲ့driveအသစ်တွေကိုအသုံးပြုကြပါတယ်ကွဲပြားပုံကတော့ဒီလိုပါအခုနောက်ပေါ်လာတဲ့ကောင်တေကsystemမြင့်တော့ကိုယ့်စက်ရုံမှာသုံးတဲ့မော်တာတွေconductorတွေကိုမထိခိုက်စေတော့ဘဲsuch as voltage အဝင်များတာတို့ရုတ်တစ်ရက်မီးအားကျပြီးမီးလိုင်းလောင်တာတို့ကနေကာကွယ်ပေးပါတယ်သူ့တို့ကိုတပ်ရတဲ့အဓီကရည်ရွယ်ချက်ကတော့စက်ရုံတွေမှာloadသုံးရင်မော်တာကိုဝန်သိပ်မပိတော့ဘဲdriveကဘဲcommandပေးပြီးမီးအားနည်းရင်ရပ်မယ်မီးအားများရင်cut outလုပ်မယ်စသဖြင့်ပေါ့တစ်ခြားလုပ်ပေးတာတွေလည်းရှိပါသေးတယ်စာအရမ်းရှည်သွားမှာကြောင့်နောက်မှအသေအချာရှင်းပြပါမယ်

ဆိုတော့ကျွန်တော်တိို့သံမဏိစက်ရုံမှာ GD200A-18/22(KW) လောက်ထိသုံးလို့ရမယ့်driveကိုတပ်ဆင်ပေးခဲ့ကြပါတယ်တပ်ဆင်တဲ့အပိုင်းမှာတော့သူတို့ပြပေးတဲ့နေရာမှာ installation စတင်ပြီး drive တပ်ဖို့အဖောက်ပေါက်တယ်ပြီးတော့သူတို့main source ဖြစ်တဲ့မီးလိုင်းတွေကိုလိုက်ရှာပြီးကျွန်တော်တို့ရဲ့driveကိုpowerပေးတယ်ပြီးတော့မော်တာကိုသွားမယ့်ကြိုးတွေကိုတပ်တယ် cable lugရိုက်တယ်စသဖြင့်လုပ်ဆောင်ခဲ့ပါတယ်အားလုံးပြီးသွားတော့powerပေးပြီးသူတို့လိုချင်တဲ့အတိုင်းသုံးဖို့settingထည့်ရန်လုပ်ခဲ့ပါတယ်settingထည့်ပြီးtestစrunကြည့်ပါတယ်test runရတဲ့အကြောင်းကတော့မော်တာလည်တဲ့အချိန်ပြောင်းပြန်လည်တာလားအတည့်လားကြည့်တာပါမှားနေရင်အတည့်ပြန်ပြင်မယ်loadထည့်ပြီးmotor ကိုrunရင်ampereဘယ်လောက်တတ်လည်းစသဖြင့်အသေအချာကြည့်ရှုစမ်းသပ်ပါတယ်ပြီးတော့စက်ရုံကအလုပ်သမားခေါင်းဆောင်ကိုကျွန်တော့်တို့driveနဲ့ဘယ်လိုမောင်းရတယ်ဘာတွေလုပ်ရတယ်ဆိုတာပြောပြရှင်းပြပြီးcompanyကိုပြန်လာခဲ့ပါတယ်တပ်ဆင်ခဲ့တဲ့driveနဲ့လုပ်ထားကိုင်ထားပုံလေးတွေကိုပြပေးပါမယ်

https://images.ecency.com/DQmeM38h8RsTN6Yevr1BD6aS4S96zJKqXVV6kDenVWUCGpH/1723212667079.jpg
Setting ထည့်ပြီးပုံ
https://images.ecency.com/DQmQVRWgNcikS3fDPsFu9VxDFp2dbw15UCmF9ysogzWLwSn/1723212667240.jpg
Drive၏မောင်းနှင်လို့ရသောLoad amount ပမာဏ
https://images.ecency.com/DQmULFJ25xHWxPxVbGb2G3ftQWoMKKmLRc4p4243d6EcN4N/1723212667364.jpg
Installing ပြီးဆီးပုံ
ဒီနေ့လုပ်ဆောင်ခဲ့တဲ့အလုပ်ကဝော့ဒါပါဘဲနောက်ရက်မှpostအသစ်တင်ရင်းပြန်တွေ့ကြပါမယ်
See ya 😉

Hashtags 3

Comments

Sort byBest
AI
Waivio AI Assistant
How can I help you today?