Private School တွင်တပ်ဆင်ထားသော500KV Transformer အားEIစစ်ခြင်း
6 comments
ဒီနေ့ကတော့ကျွန်တော့အတွက်ဝမ်းသာစရာနေ့တစ်နေ့ဖြစ်သလိုပင်ပန်းလွန်းတဲ့နေ့တစ်ရက်ဖြစ်လို့နေပါတယ်ဝမ်းသာရတဲ့အကြောင်းကတော့ဒီနေ့ဆိုရင်ကျွန်တော်တင်ခဲ့သောရက်၃၀ရက်စာappeal postsများပြီးဆုံးသွားပြီဘဲဖြစ်ပါတယ်ပင်ပန်းရတာကတော့ကျွန်တော်အခုည၉နာရီမှအိမ်ပြန်ရောက်တာပါဘဲ
သိတဲ့အတိုင်းကျွန်တော်တို့မြန်မာနိုင်ငံကအခြေအနေတွေကမကောင်းတော့ညဘက်တွေဆိုအလုပ်ကိစ္စကြောင့်နောက်ကျသည်ဘဲဖြစ်စေမည်သည့်အကြောင်းအရာကြောင့်ဘဲဖြစ်ဖြစ်အိမ်ပြန်နောက်ကျလွန်းရင်အန္တရာယ်အရမ်းများပါတယ်ဒါကြောင့်ကျွန်တော်ကိုယ်ကျွန်တော်ရောဒီecencyမှာရှိသောhive Myanmar မှမြန်မာများအားလုံးကိုညဘက်နောက်ကျမှပြန်ရတယ်ဆိုရင်ဂရုတစိုက်နဲ့မြန်မြန်ဆန်ဆန်လေးအိမ်ပြန်ရောက်အောင်ပြန်ကြပါလို့ပြောပြပါစရေဆိုတော့ဒီနေ့ကျွန်တော်လုပ်ခဲ့သောအလုပ်အကြောင်းလေးကိုပြောပြပါမယ်ဓာတ်ပုံတွေနှင့်တကွရှင်းပြပေးပါမယ်ခင်ဗျ
ဒီအနေအထားကတော့ကျွန်တော်တို့မီးမလွှတ်ခင်မှာ transformerကိုစနစ်တကျစစ်ဈေးရပါမယ်လိုအပ်ချပ်တွေရှိရင်ပြင်မယ်ကြိုးတွေစစ်မယ်cableတွေကောင်းမကောင်းစစ်မယ်စမ်းမယ်ပေါ့
ဒီအနေအထားမှာတော့ transformerကိုစစ်ဆေးလို့အပြီးမှာသူနဲ့ပတ်သတ်တဲ့ADS Panel ကိုsettingထည့်တယ်bulk charge & float charge တွေစစ်တယ်oil filter တွေကိုစစ်တယ်ပြီးတော့အောက်ဘက်ခြမ်းကchangeoverကိုစစ်တယ်relayတွေကပ်တာကောင်းမကောင်းစစ်တယ်ပြီးသွားရင်နောက်ဆုံး Transformer နဲ့ပေါင်းပြီးovervoltageစမ်းတယ်နောက်ဆုံးမှာတော့အကုန်လက်စသတ်ပြီးစကားပြောစရာရှိတာကိုပြောပြကြပြီးကိုယ်စီကိုယ်စီပြန်သွားခဲ့ကြပါတယ်
ကျွန်တော်တို့လည်းပစ္စည်းတွေကားပေါ်တင်ပြီးပြန်လာခဲ့ကြပါတယ်ဒီနေ့အလုပ်ကတော့ပုံမှာကြည့်ရတာသိပ်မသိသာပေမယ့်တကယ်တမ်းကျတစ်နေကုန်နီးပါးမတ်တပ်ရပ်နေရတယ်သူတို့တွေစမ်းနေတဲ့အချိန်မှာလိုအပ်တာတွေပေးရမယ်ပြောရတယ်ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ပေါ့ဗျာထမင်းစားချိန်တစ်ချိန်လောက်ဘဲနားရတယ်ပြီးတော့ပြန်runနောက်ဆုံးအဆုံးသတ်ပြီးတော့မှဘဲနားရတယ်ခါးတွေကိုညောင်းလိုက်တာပါဆိုတော့ဒီနေ့ကျွန်တော့အလုပ်အကြောင်းလေးကတော့ဒါပါဘဲမနက်ဖြန်မှpostအသစ်နဲ့အတူပြန်လာခဲ့ပါမယ်Goodnight💝
Comments