Waivio

Recommended Posts

အရင်ရက်မှတင်ခဲ့သောရေသန့်စက်ရုံအကြောင်းအပိုင်း2

0 comments

yokosuna476.754 months ago

အရင်ရက်ကငါရေသန့်စက်ရုံမှာ dual meter သွားရောက်တပ်ဆင်ခဲ့သောအကြောင်းကိုတင်ပေးခဲ့ပါတယ်ဒီနေ့မှာတော့အဲ့ဒီစက်ရုံမှာဘဲdual meter အားလိုအပ်သောsettingsသွားရောက်ထည့်သွင်းပေးခဲ့တာကိုပြောပြပေးပါမယ်

အချိန်ကတော့ဘယ်လောက်မှမကြာပါဘူးဒါပေမယ့်အဲ့ဒီစက်ရုံရဲ့ပိုင်ရှင်နဲ့စကားအနည်းငယ်ပြောလိုက်ရတဲ့အတွက်နောက်ကျသွားပါတယ်ဖြစ်ပုံကဒီလိုပါမနက်ရုံးကိုရောက်တော့ငါတို့အလုပ်သမားတွေအကုန်လုံးအစည်း‌အဝေးထိုင်ကြပါတယ်ပြီးတာနဲ့ကိုလုပ်ရမည့် assignmentsတွေကိုခွဲပြီးကိုယ်စီကိုယ်စီလုပ်ကြပါတယ်မနက်ပိုင်းမှာအလုပ်က solar တပ်ဆင်ထားတဲ့အိမ်တစ်အိမ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ်အဲ့အကြောင်းအရာကိုတော့နောက်နေ့postမှာတင်ပြပေးပါမယ်နေ့လည်ပိုင်းရောက်တော့ရုံးကြိခနပြန်ပြီး‌ေန့လည်စာစားပါတယ်နေ့လည်စာစားပြီးသိပ်မကြာရုံးကအမတစ်ရောက်ကဟိုနေ့ကတပ်ဆင်ပေးခဲ့တဲ့ dual meter ကို setting ထည့်ဖို့စက်ရုံပိုင်ရှင်ကခေါ်တယ်လို့ပြောလို့သွားခဲ့ပါတယ်

အဲ့ဒီနေ့ကဖြစ်ချင်တော့မိုးကရွာရုံးမှာကလည်းကားတွေကမအားတော့ဆိုင်ကယ်နဲ့ဘဲသွားရောက်ခဲ့ပါတယ်စက်ရုံကိုရောက်တော့အဲ့မှာရှိတဲ့ manager နဲ့စကားပြောပြီး setting ထည့်ဖို့သွားခဲ့ပါတယ်settingထည့်ရတာတွေကသူတို့ transformer(11KV) ကနေယူထားတဲ့လိုင်းတွေကိုမီတာဖတ်ချင်တာပါဆိုတော့အဲ့တာတွေနဲ့ပတ်သတ်တဲ့settingကိုထည့်ပေးခဲ့ပါတယ်ပုံတွေကတော့အောက်မှာဖော်ပြထားတဲ့အတိုင်းပါဘဲ

https://images.ecency.com/DQmW8Lj26RpWdppTArGgfuEUyD4Jra2qufrGDcgQmq6XYWP/1722767216521.jpg

https://images.ecency.com/DQmV65yFMkQ8uYHw2vrEZuXoyom1em3dCPeSWsF6Dz7rgBm/1722767216650.jpg
ဒါကသူတို့ဆွဲထားတဲ့3 phase ရဲ့တစ်ခုချင်းစီ Ampere များပါအရမ်းတော့မများပေမယ့်အဆင်ပြေပါတယ်နောက်တစ်ခုကသူတို့စသုံးမယ့်loadတွေရဲ့Whကိုချိန်ပေးရတာပါ

https://images.ecency.com/DQmYGLg7XyXRMLUbJRvEQYrUZR8tAUVBcrTMRsAYAnjXdfj/1722767304885.jpg
စစသုံးချင်းမှာဘဲသူတို့ကloadစသုံးတော့တော်တော်လေးတတ်ပါတယ်နောက်နှစ်ရက်လောက်ဆိုရင်kiloတောင်ရောက်နိုင်လောက်ပါတယ်နောက်ဆုံးကတော့သူတို့ဆီမှာသုံးမယ့်load Ampere နဲ့ညီမျှမယ့်ratio ကိုထည့်ပေးခဲ့ပါတယ်

https://images.ecency.com/DQmPMeM1TRNu7N9oW18Ly9MxELrhG13K82VhpFediLVb73A/1722767392295.jpg
ဟုတ်ပါတယ်အခုမှစသုံးလို့ampereကသိပ်မများပေမယ့်နောက်များလာမှာရယ်အရမ်းloadများရင်မခံနိုင်မှာကြောင့်ratioကို2000/5ထားပေးခဲ့ပါတယ်ပြီးတော့စက်ရုံပိုင်ရှင်နဲ့စကားအနည်းငယ်ပြောပြီးရုံးကိုပြန်လာခဲ့ပါတယ်

ဒီနေ့postအကြောင်းအရာကတော့ဒါပါဘဲဖတ်ရှုပေးသောသူများကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်မေးချင်ရှိရင်commentမှာမေးလို့ရပါတယ်နောက်ရက်မှpostအသစ်နဲ့ပြန်ဆုံကြပါမယ်
Goodbye 👋

Comments

Sort byBest
AI
Waivio AI Assistant
How can I help you today?