ငှက်စာ ဖတ်စရာ။
2 comments
ကျွန်တော်ငယ်စဉ်က စာအင်မတန် ဖတ်သည်ဟု
ကိုယ့်တိုင် ကိုယ်ကျ ကိုယ့်အထင်မှတ်သည်။
အများတကာတွေ စာဖတ်သည်က မည်သို့ရှိသည်
မသိပါ။ ကျွန်တော် စာဖတ်စွဲလန်းခဲ့သည်က
ရွှေးသွေးဂျာနယ်များဖြင့် အစပြုခဲ့သည်။
ရွှေသွေးဂျာနယ်သည် ရောင်စုံရုပ်စုံများဖြင့်
ကျွန်တော့်စိတ်ကို မြှူဆွယ်သည်။
ကျွန်တော်ငယ်စဉ်က စာဖတ်ဖို့ဆိုသည်မှာ
ကျောင်းစာအုပ်သည်သာ ဖတ်စရာဟုထင်
မှတ်ခဲ့သည်။ ကျောင်းစာအုပ်များမှ မြန်မာစာ
ဖတ်စာအုပ်သည် ကျွန်တော့်အတွက် ဖတ်စရာ
ကောင်းသည့် တအုပ်ဖြစ်ခဲ့သည်။ ထိုမှ
ရွှေသွေးဂျာနယ်ကို ဖတ်စရာတခုအဖြစ်
တိုးခဲ့သည်။ ထိုရွှေသေးဂျာနယ်ကို စတင်
ဖတ်စဉ်က ဂျာနယ်တခုလုံး အကောင်းအတိုင်း၊
ပကတိအတိုင်းဖတ်ခဲ့ရသည့်မဟုတ်ပါ။
ရွှေးသွေးဂျာနယ် အရွက်များကို ပစ္စည်းထုပ်ပိုး
ရာမှ ထွက်ရှိလာသော အပိုင်းအစများကို
စတင် ဖတ်ရှုရသည်။ ထိုမှ ရောင်စုံရုပ်ပုံနှင့်
စာသားများပါဝင်သည့် ဇတ်လမ်းလေးများကို
ဖတ်ရှုပြီး စာကို စွဲလန်းစွာဖတ်ရှုမိသွားသည်။
ကျွန်တော်ငယ်စဉ်က စာအုပ်၊ စာပေများနှင့်
ဝေးကွာသည်။ မိဘများက စာဝတ်နေရေး
အတွက် ရှာဖွေနေရသည်။ ပြင်ပစာဖတ်ဖို့
ဆိုသည်မှာ တရားစာအုပ် အဟောင်းတချို့သာ
ဆုံတွေ့ခဲ့ရသည်။
ဒီတော့ ရောင်စုံရုပ်ပုံနှင့် ရွှေးသွေးဂျာနယ်သည်
ကျွန်တော့်အတွက် စွဲလန်းနှစ်သက်ဖွယ်ဖြစ်သည်။
ထိုမှ တဆင့် အကိုကြီးငှားဖတ်သည့် ဝတ္ထုစာအုပ်
များကို စွဲလန်းစွာဖတ်ဖြစ်သည်။ ငြိမ်းကျော်၊
မင်းလူ၊ မောင်စိန်ဝင်းနှင့် မောင်ဝဏ္ဏ စာအုပ်
များနှင့် ထိတွေ့သည်။ နောက်ပိုင်းမှာတော့
စာအုပ်များစွာဖတ်ခဲ့သည်။
တနေ့က တူမသူငယ်ချင်း၏ ကောင်းမှုကြောင့်
ညီပုလေး၏ စာအုပ်များကိုဖတ်ရသည်။
ညီပုလေး၏ စာအုပ်များမှ ဝတ္ထုတိုစာအုပ်ဖြစ်သော
ဖင်စီခံနေ့စဉ်နှင့် အခြားဝတ္ထုများ ကိုဖတ်ဖြစ်သည်။
ညီပုလေး၏ စာများကို မဂ္ဂဇင်းအချို့မှာ
ဖတ်မိသည်။ ကြိုက်နှစ်သက်ခဲ့သည်။
ထိုအပြင် သူ၏ "ဓားသွား...." ကိုဖတ်ပြီး
ပို၍ကြိုက်နှစ်သက်သွားသည်။ ယခု သူ၏
ဖင်စီခံနေ့စဉ် ကို ဖတ်သည့်အခါမှာလည်း
ခံစားမှုမျိုးစုံရခဲ့သည်။
ပထမဦးစွာသော ဝတ္ထုတိုသည်က အစဖတ်မိသည်နှင့်
စိတ်ပါဝင်စားစွာဖတ်မိစေသည်။ မီးရထားပေါ်မှ
အန္တရာယ်ဖြင့် ခက်ခဲစွာ ရှာဖွေစားသောက်သော
အလစ်သုတ်သူဟု ခေါ်ရမလား၊ သူခိုးဟု ပြောရမလား။ ထိုသူအကြောင်းကို စိတ်ဝင်စားစရာကောင်းစွာ
ဖတ်ရသည်။
နောက်တပုတ်က "မဟာရောရုဝသို့ အမြန်ချော"
ဟု အမည်ရသည်။ ငှက်ချစ်သူများ၊ ငှက်ကြည့်ဝါသနာပါသူက နိုင်ငံခြားသား ငှက်ဝါသနာပါသူ၊
ငှက်များကိုမှတ်တမ်းသူ အား တောင်သမန်သို့
ငှက်များကို မှတ်တမ်းတင်ရန်၊ ဓာတ်ပုံရိုက်ရန်ခေါ်
ဆောင်ခဲ့သည်။ ယခင်က ငှက်ပေါင်းစုံပျော်မြူး
ကျက်စားခဲ့သော အင်းကြီးသည်။ လောဘသား
ကြောင့်ပြောရမလား။ မည်သို့ပြောမည်ပင်မသိ။
နိုင်ငံခြားသားကို ငှက်များမှတ်တမ်းတင်ရန်
ခေါ်ခဲ့မိသည့်အခါမှာ။
အင်းလေလံရထားတဲ့ အင်းသူကြီးက သူငါးအရ
နည်းမှာတွေးပြီး ငါးတွေကို ဆေးလူးပြီး
လာတဲ့ငှက်တွေကိုရှင်းပစ်သည်။
သေလိုက်တဲ့ငှက်တွေ မနည်းဘူး
မြုပ်လို့ မနိုင်ဘူး။ ဟု အငှားခေါ်လာသူ ငှက်ခတ်
သမား၏ပြောစကားကြောင့် မည်သို့ပြောရမှန်း
မသိအောင်ဖြစ်သွားသည် ဆိုသော အရေးအသား
မှာ။ ကိုယ်တွေပင် စာဖတ်ပြီး စိတ်နှင့် ခန္ဓာကိုယ်မှာ
ရှိန်းကနဲ့ ဖိန်းကနဲ့ ရင်ထဲမှာ ဟာကနဲ့ ဖြစ်သွား
ခဲ့ရပါလေသည်။
@htwegyi
November 16, 2024
Comments