Waivio

Recommended Posts

အမှိုက်တွေ ရှင်း

0 comments

donjaun784.0310 months ago

https://images.ecency.com/DQmQdpsfGFFWVBEKfbXNaDRaoDdax5DT7ZDiNET3Ud7areP/img_0.19370467788780546.jpg
 
မနေ့က ပိန္နဲသီးတွေ ထပ်ပြီး ဆွတ်ခူးရ၏။ မှည့်ခါနီး အလုံးတွေကော၊ အမှည့်လွန် အလုံးတွေကောပေါ့။ အမှည့်လွန် အလုံးတွေက အကြီးကြီးတွေ မဟုတ် ခပ်သေးသေးလေးတွေသာ။ အမှည့်လွန် ဆိုတာထက် ပိုးထိုးပြီး ပုပ်ကုန်တာဟု ပြောလို့ရမည် ထင်၏။ ပိန္နဲသီးက အရင်လောက် အလုံး မကြီးတော့ပေမယ့် အရင်ထက်စာရင်တော့ ပိုး ပိုများလာတာ သိသာ၏။ ကျနော်တို့ ပြောင်းလာခါ စတုန်းကများဆို ပိုးဆိုတာ ဘာလဲဟု မေးယူရမည်ထင်။
 
အိမ် အရှေ့ခြမ်း အပင်တွေက ဘာကြောင့်ရယ် မသိ ပိုးအတော်ကျ၏။ ဘာပိုးတွေမှန်းလည်း မသိ၊ ဘာပိုး သတ်ဆေး သုံးရမယ်မှန်းလည်း မသိပေ။ သံပုရာပင် ဆိုရင်လည်း အရွက်တွေ လိပ်လိပ်နေ၏။ သရက်ပင်ဆိုရင်လည်း အသီး မသီးပေမယ့် ပိုးတော့ ရှိ၏။ ဆိုးလှ၏။
 
မနေ့က ပိန္နဲသီး ခူးရင်း တချို့ အကိုင်း၊ အခက်တွေ ခုတ်ဖြစ်၏။ အသီးတွေ နေရောင် မရလို့ ပုပ်သလား မသိဟုဆိုပြီး အမေက ခုတ်ခိုင်းခြင်း ဖြစ်၏။ ခုတ်လိုက်တော့ ရှင်းသွား လင်းသွားတာပေါ့။ အသီးတွေ နေရောင် ရတာ မရတာ ထား၊ အိမ်ရှေ့တော့ လင်းထင်းသွား၏။ ဒါလည်း ကောင်းတာပါပဲ။ အကိုင်းတွေ ခုတ်ရင်းက တချို့ ပိုးထိုးနေသည့် အသီးတွေပါ ဆွတ်ခူး ဖြစ်၏။ တခြား ကောင်းတဲ့ အသီးတွေ အတွက် အဟာရ ပိုရတာပေါ့။
 
မနေ့က ခုတ်ထားတဲ့ အကိုင်း အခက်တွေကိုတော့ ဒီနေ့မှ ရှင်းလင်း ဖြစ်၏။ မနေ့က မိုး တနေ့ကုန် နီးပါး ရွာနေတော့ လုပ်လို့ မရပေ။ ထို့ကြောင့် ဒီနေ့မှ ရှင်းရ၏။ ဒါတောင် မိုးက ရွာလိုက်သေး ပြန်၏။ အကိုင်း ကြီးတာတွေကိုတော့ ချန်ထားပြီး ကိုင်းသေးနဲ့ အရွက်တွေကိုတော့ ပစ်ရန် အိတ်တွေထဲ ထည့်ရ၏။ မြေဆွေး အဖြစ် လုပ်ရန် ထားဖို့ နေရာ မရှိသဖြင့် အမှိုက်ပုံမှာ ပစ်ဖို့သာ လုပ်ရ၏။
 
တလောကတော့ မြေဆွေး လုပ်ဖို့ ကျင်းတူးထားသေး၏။ မြေဆွေးလုပ်ဖို့ နေရာကို အမှိုက်တွေ လာပစ်နေကြတာနဲ့ပဲ ထိုကျင်း (တွင်း) ကို ရှင်းလင်းပြီး သနပ်ခါး ပန်းပင်သာ စိုက်ထားလိုက်တော့၏။ နားအေးသွားရော။ ညနေ Futsal ကန် သွားရင်း အမှိုက်တွေ ပစ်ရပေလိမ့်ဦးမည်။
 
https://images.ecency.com/DQmVBBuGyxJQPeTXNYTrnozV7iPRLqfd6SN3BwNA1CnybE8/img_0.7561171201510304.jpg

https://images.ecency.com/DQmTna3yt6oPocS6dz3WX9jRMGTZspesEC4yEvw6wp3HPYG/img_0.019157142642794382.jpg

https://images.ecency.com/DQmZmK7LNQ7DK26XJYT3kNzDwmh7qyvrYKHvkdRPZqxJMbS/img_0.28143835221292424.jpg

https://images.ecency.com/DQmRiJgjzxf2isTeqkqcbSkLB7MAw67y1MFRP6drEWtTnUG/img_0.7665422818827367.jpg
 
Road to Appeal (12)

Comments

Sort byBest